ဧဇရမှတ်စာ 7:15 - Judson Bible in Zawgyi Version15 ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 ဂျေရုဆလင်မြို့၌ကိန်းဝပ်တော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်အား ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်တို့ စေတနာစိတ်ဖြင့် ပေးလှူလိုက်သောရွှေငွေများ၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။- အခန်းကိုကြည့်ပါ။ |
ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာအိမ်ကို အဘယ်သူ တည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာအိမ်မှတစ်ပါး အခြားသောအိမ်တော်ကို တည်ဆောက်ခြင်းငှာ ငါသည် အဘယ်သို့သောသူ ဖြစ်သနည်း။
ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။