Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 7:14 - Judson Bible in Zawgyi Version

14 အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​လေ့​ကျက်​သည်​အ​တိုင်း၊ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့၌ တ​ရား​အ​မှု​များ​ကို မေး​မြန်း​စစ်​ဆေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​လက်စွဲ​ထား​သော သင့်​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်၍ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို စစ်ဆေး​ရန် ရှင်ဘုရင်​နှင့်​အကြံပေး​ပုဂ္ဂိုလ်​ခုနစ်​ဦး​တို့​သည် သင့်​ကို စေလွှတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 7:14
15 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​တွင် အ​ဘယ်​သူ​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​သ​နည်း။ ထို​သူ​နှင့်​အ​တူ ဘု​ရား​သ​ခင် ရှိ​တော်​မူ​ပါ​စေ​သော။ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို တည်​ဆောက်​စေ။ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။


ကျွန်​တော်​တို့​သည် ယု​ဒ​ပြည်​တွင် ကြီး​မြတ်​သော​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ရောက်၍၊ ထို​အ​ရပ်​သား​တို့​သည် အိမ်​တော်​ကို ကျောက်​ကြီး​နှင့်​တည်​လုပ်​လျက်၊ ကျောက်​ထ​ရံ​ပေါ်​မှာ သစ်​သား​ကို တင်​လျက်၊ အ​လျင်​အ​မြန်​လုပ်​ဆောင်၍ အ​ကြံ​ထ​မြောက်​ကြောင်း​ကို သိ​မှတ်​တော်​မူ​ပါ။


ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​ကို ကျိုး​ပဲ့​ပျက်​စီး​စေ​ခြင်း​ငှာ ပြု​သော​ရှင်​ဘု​ရင်​နှင့် ဆင်း​ရဲ​သား​အ​ပေါင်း​တို့​ကို၊ ထို​အ​ရပ်၌ နာ​မ​တော်​တည်​စေ​သော ဘု​ရား​သ​ခင်​သည် ဖျက်​ဆီး​တော်​မူ​ပါ​စေ​သော။ ငါ​ဒါ​ရိ​သည် အ​မိန့်​တော်​ကို​ပေး၏။ အ​မိန့်​တော်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​စေ​ဟု ပေး​လိုက်​သ​တည်း။


ထို​မှ​တစ်​ပါး၊ သင်​တို့​သည် ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​နှင့် ကူ​ညီ​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် အ​ဆီး​အ​တား မ​ရှိ​စေ​ခြင်း​ငှာ၊ မြစ်​အ​နောက်​ဘက်၌ ခံ​သော အ​ခွန်​တော်​တည်း​ဟူ​သော ဘ​ဏ္ဍာ​တော်​ထဲ​က အိမ်​တော်​တည်​စ​ရာ​စ​ရိတ်​ကို ချက်​ချင်း ထုတ်​ပေး​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။


ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​သော ရွှေ​ငွေ​နှင့်​တ​ကွ၊


ထို​သို့ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်ခိုး​တော်​ကြောင့်၊ ငါ​သည် ခွန်​အား​ရှိ၍ ငါ​နှင့်​အ​တူ လိုက်​သွား​ရ​သော ဣ​သ​ရေ​လ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို စု​ဝေး​စေ၏။


ရှင်​ဘု​ရင်​မှ​စ၍ အ​တွင်း​ဝန်၊ မှူး​တော်​မတ်​တော်၊ စည်း​ဝေး​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ငါ​တို့၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လှူ​သော​ပူ​ဇော်​သ​ကာ၊ ရွှေ၊ ငွေ၊ တန်​ဆာ​တည်း​ဟူ​သော၊


မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊


တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။


ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊


ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။


ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။


အ​ရင်​သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ ယ​ခု ဗာ​ဗု​လုန်​မြို့​မှ ပြန်​လာ​သော ဟေ​လ​ဒဲ​အ​မျိုး၊ တော​ဘိ​ယ​အ​မျိုး၊ ယေ​ဒါ​ယ​အ​မျိုး အ​ချို့​တို့​ကို ခေါ်၍၊ တစ်​နေ့​ချင်း​တွင် ဇေ​ဖ​နိ၏​သား ယော​ရှိ​အိမ်​သို့ သွား​ပြီး​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ