ဧဇရမှတ်စာ 7:13 - Judson Bible in Zawgyi Version13 ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ငါ့နိုင်ငံအတွင်းရှိ အစ္စရေးလူမျိုးများဖြစ်သည့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိလူတို့သည် ဂျေရုဆလင်မြို့သို့ ပြန်သွားလိုသော် မည်သူမဆို သင်နှင့်အတူ ပြန်လိုက်နိုင်ကြောင်းကို ငါအမိန့်ထုတ်ပြန်ပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
ငါအစိုးရသော တစ်နိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရား ဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။