ဧဇရမှတ်စာ 7:10 - Judson Bible in Zawgyi Version10 အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေးသောစကားနှင့် နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက် မိတ်သဟာယ ပူဇော်သကာကိုပြုလျက်၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက် နေကြ၏။
သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင့်တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာလည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။
တစ်ဖန် ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆုံးမသည်အတိုင်း၊