ဧဇရမှတ်စာ 6:18 - Judson Bible in Zawgyi Version18 မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့် ညွှန်ကြားချက်များအတိုင်း ယေရုရှလင် မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှု အတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များအားအလှည့်ကျခွဲထား သောတာဝန်ကိုပေးအပ်ကြလေသည်။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းစရာဖို့ ဒါဝိဒ်မင်းကြီးစီရင်သော တူရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံသီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။