Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 6:17 - Judson Bible in Zawgyi Version

17 ထို​အိမ်​တော်၏ အ​နု​မော​ဒ​နာ​ပွဲ​တွင် နွား​တစ်​ရာ၊ သိုး​ထီး​နှစ်​ရာ၊ သိုး​သ​ငယ်​လေး​ရာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​လိုက် အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော ဆိတ်​ထီး တစ်​ဆယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​တွင် နွား​အကောင်​တစ်ရာ​၊ သိုးထီး​အကောင်​နှစ်ရာ​၊ သိုးသငယ်​အကောင်​လေး​ရာ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အပြစ်ဖြေရာယဇ်​အဖို့ အစ္စရေး​အမျိုးအနွယ်​အရေအတွက်​နှင့်အညီ ဆိတ်ထီး​တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ပူဇော်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင် ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ် လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့် နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 6:17
17 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​မည်​ကား ဣ​သ​ရေ​လ​ဖြစ်​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ယာ​ကုပ်​သား အ​မျိုး​အ​နွယ် အ​ရေ​အ​တွက်​အ​တိုင်း၊ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ၍၊


ထို​အ​ခါ ရှော​လ​မုန်​မင်း​ကြီး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပူ​ဇော်​ကြ၏။


ယဇ်​ပု​ရော​ဟိတ်​တို့​သည် သတ်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ကို​ပြေ​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​သွေး​အား​ဖြင့် အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ကြ၏။ ထို​သို့​မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပူ​ဇော်​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​ပြီ။


နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း​နှစ်​သောင်း​တို့​ကို ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။


သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။


မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပူ​ဇော်​သ​ကာ​ဖို့ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​မ​ကို​ဆောင်​ခဲ့​ရ​မည်။


ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊


သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။-


ကြီး​မြင့်​သော မြို့​ရိုး​လည်း​ရှိ၏။ အ​ရှေ့​ဘက်၌ တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်၌ သုံး​ပေါက်၊ တောင်​ဘက်၌​သုံး​ပေါက်၊ အ​နောက်​ဘက်၌ သုံး​ပေါက်၊ တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်​ရှိ၏။ ထို​တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်၌ ကောင်း​ကင်​တ​မန် တစ်​ဆယ်​နှစ်​ပါး ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး၏ နာ​မ​တို့​သည် ထို​တံ​ခါး​ပေါ်၌ ရေး​ထား​လျက်​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ