Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 6:13 - Judson Bible in Zawgyi Version

13 ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​ပေး​လိုက်​သော အ​မိန့်​တော်​အ​တိုင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် အ​လျင်​အ​မြန်​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထိုအခါ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည်​လည်း ဒါရိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​အ​ခါ​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ သည် မင်း​ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း တစ်​သ ဝေ​မ​တိမ်း​ဆောင်​ရွက်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 6:13
9 ပူးပေါင်းရင်းမြစ်များ  

အာ​တ​ဇေ​ရဇ်​မင်း​ကြီး​စာ​ကို ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ အ​စ​ရှိ​သော သူ​တို့​အ​ပေါင်း​အ​ဖော်​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​လူ​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ ယု​ဒ​လူ​တို့၏ အ​လုပ်​အ​ကိုင်​ကို အ​နိုင်​အ​ထက် ဆီး​တား​ကြ​၏။


စာ​တိုက်​စိုး​ရေ​ဟုံ၊ မြို့​စာ​ရေး​ရှိ​မ​ရှဲ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်၊ ဒိ​နဲ​ပြည်​သား၊ အ​ဖာ​သ​သက်​ပြည်​သား၊ တာ​ပေ​လ​ပြည်​သား၊ အ​ဖာ​ရ​သ​ပြည်​သား၊ အာ​ခေ​ဝ​ပြည်​သား၊ ဗာ​ဗု​လုန်​ပြည်​သား၊ ရှု​ရှ​နက်​ပြည်​သား၊ ဒေ​ဟ​ဝ​ပြည်​သား၊ ဧ​လံ​ပြည်​သား အ​စ​ရှိ​သော၊


ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တန်​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍၊ ဤ​အိမ်​ကို​တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊


မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်၊


သို့​ဖြစ်၍၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သင်​တို့​အ​ပေါင်း​အ​ဖော်​တည်း​ဟူ​သော မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့၊ ထွက်​သွား​ကြ။


ထို​အ​ခါ ဟာ​မန်​သည် အ​ဝတ်​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို​ယူ၍၊ မော်​ဒ​ကဲ​ကို ဝတ်​ဆင်​စေ​ပြီး​လျှင်၊ မြင်း​တော်​ကို​စီး​စေ​သ​ဖြင့်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက် ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်၏။


မင်း​ပြု​သော​ကျေး​ဇူး​ကို များ​သော​သူ​တို့​သည် ကြိုး​စား၍ ရှာ​တတ်​ကြ၏။ သို့​ရာ​တွင် ခပ်​သိမ်း​သော​သူ​တို့၏​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။


ရှင်​ဘု​ရင်​အ​မိန့်​တော်၌ တန်​ခိုး​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ ဆို​ရာ​သ​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ