ဧဇရမှတ်စာ 5:8 - Judson Bible in Zawgyi Version8 ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သောဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန်လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက် ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန် တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက် ၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မ များကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့ မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက် ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက် မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဖို့ ဆုတောင်းစေခြင်းငှာ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ်ပူဇော်စရာဖို့ နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ်ရည်၊ ဆီတို့ကို နေ့တိုင်းအစဉ်အပြတ် ပေးစေ။
ငါအစိုးရသော တစ်နိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရား ဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။