ဧဇရမှတ်စာ 5:5 - Judson Bible in Zawgyi Version5 ဒါရိမင်း အမိန့်တော်မရောက်မီ အလုပ်အကိုင် မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကို ပေးလိုက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ဘုရားသခင်သည် ဂျူးသက်ကြီးဝါကြီးတို့ကို ကြည့်ရှုစောင်မတော်မူသဖြင့် ဒါရိမင်းကြီးထံအစီရင်ခံစာတင်သွင်းပြီး ပြန်စာမရမချင်း အိမ်တော်တည်ဆောက်ခြင်းအမှုကို ဆက်လက်လုပ်ဆောင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်း ဆောင်များအားစောင့်ထိန်းကြည့်ရှုလျက် နေတော်မူသဖြင့် ပေရသိအရာရှိတို့ သည်ဒါရိမင်းထံသို့စာရေးအကြောင်း ကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံ တစ်ရာပြန်လည်မရမချင်းမည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။