Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 5:17 - Judson Bible in Zawgyi Version

17 သို့​ဖြစ်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား၏​အိမ်​တော်​ကို တည်​ရ​မည်​အ​ကြောင်း၊ ကု​ရု​မင်း​ကြီး​အ​မိန့်​တော် ရှိ​သည် မ​ရှိ​သည်​ကို သိ​လို​သ​ဖြင့်၊ ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​တိုက်၌ ရှာ​ဖွေ​စေ​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​လျှင် ရှာ​ဖွေ​စေ​တော်​မူ​ပါ။ နောက်​တစ်​ဖန် ဤ​အ​မှု၌ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​တို့​ဆီ​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ​ပါ​ဟု လျှောက်​စာ၌ ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သို့ဖြစ်၍ အရှင်မင်းကြီး​အလိုရှိ​လျှင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြန်လည်​တည်ဆောက်​ရန် ကုရု​မင်းကြီး​အမိန့်​ထုတ်ပြန်​ခဲ့​ခြင်း​ရှိ​မ​ရှိ​ကို ဘေဘီလုံ​မြို့​ရှိ​ရှင်ဘုရင်​၏​ဘဏ္ဍာတိုက်​ထဲ၌ ရှာဖွေစစ်ဆေး​ပါ​။ ပြီးလျှင် ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အရှင်မင်းကြီး​၏​သဘောထား​ကို​လည်း သိလို​သည်​ဖြစ်၍ အကျွန်ုပ်​တို့​အား အကြောင်းပြန်​ပေး​စေ​လို​ပါ​၏”​ဟု ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင် ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက် ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော် မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 5:17
4 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။


ငါ​မှာ​ထား​သည်​အ​တိုင်း စစ်​ကြော​ကြ​သော​အ​ခါ၊ ထို​မြို့​သည် ရှေး​ကာ​လ၌ ရှင်​ဘု​ရင်​တို့​ကို ပုန်​ကန်​ကြောင်း၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​တတ်​သော​မြို့၊ ပုန်​ကန်​တတ်​သော မြို့​ဖြစ်​ကြောင်း၊


အ​မှု​အ​ရေး​ကို​ဝှက်​ထား​ခြင်း​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​နှင့် သင့်၏။ ရှင်​ဘု​ရင်​မူ​ကား၊ အ​မှု​အ​ရေး​ကို စစ်​ကြော​ခြင်း​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တည်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ