Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 5:16 - Judson Bible in Zawgyi Version

16 ထို​ရှေ​ရှ​ဗာ​ဇာ​သည် လာ၍ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မြစ်​ကို ချ​ထား​သ​ဖြင့်၊ ထို​အ​ချိန်​မှ​စ၍ ယ​ခု​တိုင်​အောင် ငါ​တို့​သည်​တည်​လုပ်​လျက် လက်​စ​မ​သတ်​သေး​ဟု ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ရှေရှဗာဇာ​လည်း ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ဘုရားသခင်​၏​အိမ်​တော်​ကို အုတ်မြစ်ချ​၏​။ ထို​အချိန်​ကစ၍ တည်ဆောက်​ရာ ယခု​ထိ မ​ပြီးစီး​သေး​ပါ’​ဟု အကျွန်ုပ်​တို့​အား ပြန်ဖြေ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင် ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား ကြ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 5:16
11 ပူးပေါင်းရင်းမြစ်များ  

လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။


ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့​ရောက်​သော ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ​တွင် ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​သား ယော​ရှု၊ ကျန်​ကြွင်း​သော ညီ​အစ်​ကို၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​လာ​သော လူ​များ​အ​ပေါင်း​တို့​သည်​ထ၍ ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​ကို နှိုး​ဆော်​စိမ့်​သော​ငှာ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ကြ၏။


နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က​ထုတ်၍၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့၏ ဗိ​မာန်​သို့ ဆောင်​သွား​သော ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ကု​ရု​မင်း​ကြီး​သည် ဗာ​ဗု​လုန်​မြို့၏​ဗိ​မာန်​ထဲ​က တစ်​ဖန်​ထုတ်၍၊ ရှေ​ရှ​ဗာ​ဇာ​အ​မည်​နှင့် မြို့​ဝန်​အ​ရာ၌ ခန့်​ထား​သော​သူ​လက်​သို့ အပ်​တော်​မူ​လျက်၊


ဤ​တန်​ဆာ​တို့​ကို ယူ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ဆောင်​သွား​လော့။ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပြန်​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။


ဒါ​ရိ​မင်း​ကြီး​နန်း​စံ ခြောက်​နှစ်၊ အာ​ဒါ​လ သုံး​ရက်​နေ့​တွင် အိမ်​တော်​သည် ပြီး​ပြည့်​စုံ၏။


ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ၍၊ န​ဝ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၊ ယ​နေ့​မှ​စ၍ ရှေ့​သို့​မျှော်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။ ဆင်​ခြင်​ရ​မည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊


အ​မှု​ငယ်​ပြု​သော နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​ထီ​မဲ့​မြင် ပြု​ရ​သ​နည်း။ ချိန်​ကြိုး​သည် ဇေ​ရု​ဗ​ဗေ​လ​လက်၌ ရှိ​သည်​ကို ထို​ခု​နစ်​ပါး​တို့​သည် မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ထို​ခု​နစ်​ပါး​တို့​ကား၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် တောင်​မြောက်​ပြေး​တတ်​သော၊ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​များ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


ဇေ​ရု​ဗ​ဗေ​လ​သည် ဤ​အိမ်​တော်​အ​မြစ်​ကို ချ​ထား​ပြီ။ သူ​သည်​လည်း လက်​စ​သတ်​ရ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။


ယု​ဒ​လူ​တို့​က၊ အ​နှစ်​လေး​ဆယ်​ခြောက်​နှစ်​ပတ်​လုံး ဤ​ဗိ​မာန်​တော်​ကို တည်​ဆောက်​ကြ၏။ သင်​မူ​ကား၊ သုံး​ရက်​တည်း​နှင့် တည်​ဆောက်​မည်​လော​ဟု ဆို​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ