Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 5:12 - Judson Bible in Zawgyi Version

12 ငါ​တို့​ဘိုး​ဘေး​တို့​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သူ​တို့​ကို ခါ​လ​ဒဲ​မင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် ဤ​အိမ်​တော်​ကို ဖျက်​ဆီး၍၊ ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ကို အမျက်ထွက်​အောင်​ပြု​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ခါလဒဲ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ထို​ဘုရင်​သည် ဤ​အိမ်​တော်​ကို​ဖျက်ဆီး​၍ လူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သို့​ရာ​တွင်​ငါ​တို့​သည်​မိုး​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​အပ် တော်​မူ​လေ​သည်။ ဗိ​မာန်​တော်​သည်​လည်း​ပြို ပျက်​၍​ပြည်​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့ ပြည်​နှင်​ဒဏ်​သင့်​ကြ​ရ​ပါ​၏'' ဟု​ပြော ကြား​ကြ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 5:12
28 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ခါ​လ​ဒဲ​တပ်​သား၊ ရှု​ရိ​တပ်​သား၊ မော​ဘ​တပ်​သား၊ အ​မ္မုန်​တပ်​သား​တို့​ကို စစ်​ချီ​စေ​တော်​မူ၏။


ဇေ​ဒ​ကိ​မင်း​နန်း​စံ ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုပ်​တို့​ကို တူး​လုပ်​ပြီး​မှ၊


ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။


ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​အ​မျက်​တော်​ထွက်၍၊ မိ​မိ​အ​မွေ​တော်​ကို ရွံ​ရှာ​တော်​မူ၏။


ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။


ထို​သို့​သော အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး​၍၊ ငါ​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။


ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ရောက်​လ​တ္တံ့​သော၊ ဘေး​ဥ​ပဒ်​အ​ပေါင်း​တည်း​ဟူ​သော၊ ဗာ​ဗု​လုန်​မြို့​ကို ရည်​မှတ်၍ ရေး​ထား​သော ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ရေး​ကူး၍၊


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဉ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊


အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။


ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။


သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။


ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။


ထာ​ဝ​ရ​ဘု​ရား​သည် ဟာ​ဇော်​မြို့၌ မင်း​ပြု​သော ခါ​နာန်​ရှင်​ဘု​ရင် ယာ​ဘိန်၌ ရောင်း​တော်​မူ၏။ သူ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ကား၊ ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့၌ နေ​သော​သိ​သ​ရ​တည်း။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ