Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 4:16 - Judson Bible in Zawgyi Version

16 ထို​မြို့​ကို​တည်​ပြန်၍ မြို့​ရိုး​ကို လက်​စ​သတ်​လျှင်၊ ကိုယ်​တော်​သည် မြစ်​အ​နောက်​ဘက်၌ အ​စိုး​ရ​တော်​မ​မူ​ကြောင်း​ကို ကျွန်​တော်​တို့ လျှောက်​ထား​ပါ​သည်​ဟု စာ၌​ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 အကယ်၍ ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​ကို​လက်စသတ်​ပြီးလျှင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​သည် အရှင့်​ပိုင်မြေ​ဖြစ်​တော့​မည်​မ​ဟုတ်​ကြောင်း​ကို အရှင်မင်းကြီး​အား အကျွန်ုပ်​တို့​လျှောက်ထား​အပ်​ပါ​သည်​”​ဟု ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင် ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည် မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 4:16
5 ပူးပေါင်းရင်းမြစ်များ  

ဇော​ဘ​မင်း​ကြီး ရ​ဟော​ဘ၏​သား ဟာ​ဒ​ဒေ​ဇာ​သည် ဥ​ဖ​ရတ်​မြစ်​နား​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် တိုက်​ဖျက်၍၊


ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။


ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။


ရှင်​ဘု​ရင်​သည် စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ မှ​စ၍၊ ရှ​မာ​ရိ​မြို့၌​နေ​သော ထို​သူ​တို့၏ အ​ပေါင်း​အ​ဖော်​များ၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​ရှိ​ရာ​သို့ ပြန်​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊


ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ