ဧဇရမှတ်စာ 2:2 - Judson Bible in Zawgyi Version2 ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသား ချင်းစုအလိုက် လူဦးရေစာရင်းမှာအောက် ပါအတိုင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ပါသည် အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှာ၊ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကို တည်ကြ၏။
ဇေရုဗဗေလနှင့် ယောရှု အစရှိသော ဣသရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြောကြ၏။
ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေအမျိုးစာရင်းချက် ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကိုခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊
ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။