Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 2:1 - Judson Bible in Zawgyi Version

1 ဗာ​ဗု​လုန် ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဤသည်ကား ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သဖြင့် သုံ့ပန်း​အဖြစ် ဘေဘီလုံ​ပြည် နယ်မြေဒေသ​အသီးသီး​သို့​ရောက်သွား​ကြ​ပြီး သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ် နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 2:1
27 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။


အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။


နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။


ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ အ​ရေ​အ​တွက်​ပေါင်း​ကား၊ ငါး​ထောင်​လေး​ရာ​တည်း။ ထို​တန်​ဆာ​များ​ကို ရှေ​ရှ​ဗာ​ဇာ​သည် ယူ၍၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က၊ ဗာ​ဗု​လုန်​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​သွား​သော သူ​တို့​နှင့်​အ​တူ ဆောင်​ခဲ့၏။


ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊


ထို​သို့ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သာ​မ​ည​လူ​အ​ချို့၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း နေ​ရာ​ကျ​ကြ၏။


ကျွန်​တော်​တို့​သည် ယု​ဒ​ပြည်​တွင် ကြီး​မြတ်​သော​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ရောက်၍၊ ထို​အ​ရပ်​သား​တို့​သည် အိမ်​တော်​ကို ကျောက်​ကြီး​နှင့်​တည်​လုပ်​လျက်၊ ကျောက်​ထ​ရံ​ပေါ်​မှာ သစ်​သား​ကို တင်​လျက်၊ အ​လျင်​အ​မြန်​လုပ်​ဆောင်၍ အ​ကြံ​ထ​မြောက်​ကြောင်း​ကို သိ​မှတ်​တော်​မူ​ပါ။


မေ​ဒိ​ပြည်၊ အာ​ခ​မေ​သ​မြို့၊ နန်း​တော်၌ စာ​လိပ်​ကို​တွေ့၍၊ စာ​လိပ်၌​ပါ​သော စ​ကား​ဟူ​မူ​ကား၊


သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။


ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊


အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊


ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။


ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။


စ​ပျစ်​ရည် သောက်​ခြင်း​အ​မှု​သည် တ​ရား​အ​တိုင်း ဖြစ်၏။ အ​ဘယ်​သူ​ကို​မျှ အ​နိုင်​မ​သောက်​စေ၊ လူ​အ​ပေါင်း​တို့​သည် ကိုယ်​အ​လို​အ​လျောက် ပြု​ကြ​မည်​အ​ကြောင်း၊ နန်း​တော်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင် မိန့်​တော်​မူ၏။


ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊


ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါ​လ​ဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စ​ကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို၍ အ​သံ​ကို​လွှင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။


ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။


ယု​ဒ​သ​တို့​သ​မီး​သည် ညှဉ်း​ဆဲ​ခြင်း၊ ကြမ်း​တမ်း​စွာ စေ​စား​ခြင်း​ကို​ခံ​ရ​သော​ကြောင့် ပြောင်း​သွား​ပြီ။ သာ​သ​နာ​ပ​လူ​တို့ အ​ထဲ​မှာ​နေ​လျက် ချမ်း​သာ​မ​ရ။ လိုက်​သော သူ​အ​ပေါင်း​တို့​သည် ကျဉ်း​မြောင်း​ရာ၌ မီ​ကြ၏။


သူ​ပြစ်​မှား​သော အ​ပြစ်​များ​ပြား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် အ​စိုး​ရ၍၊ သူ၏​ရန်​သူ​တို့​သည် ကောင်း​စား​ကြ​ပြီ။ သူ၏​သား​သ​မီး​တို့​ကို​လည်း ရန်​သူ​သိမ်း​သွား​ကြ​ပြီ။


အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။


ပင်​လယ်​ကမ်း​သည်​လည်း ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့ အ​ဖို့​ဖြစ်၍၊ သူ​တို့​သည် ထို​အ​ရပ်၌ ကျက်​စား​ကြ​လိမ့်​မည်။ ည​အ​ချိန်၌​လည်း အာ​ရှ​ကေ​လုန်​မြို့​ရာ​အိမ်​တို့၌ အိပ်​ကြ​လိမ့်​မည်။ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ၍၊ သိမ်း​သွား​ခြင်း​ဘေး​ကို ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။


မြို့​ဝန်​မင်း​သည် စာ​ကို​ဖတ်​ပြီး​မှ၊ အ​ဘယ်​မြို့​နှင့် ဆိုင်​သ​နည်း​ဟု မေး၍၊ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​သည်​ကို ကြား​သိ​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ