ဧဇရမှတ်စာ 10:6 - Judson Bible in Zawgyi Version6 ထိုအခါ ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဖူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်းလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ထို့နောက် ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှ ဧလျာရှိပ်၏သားယေဟောဟနန်အခန်းသို့ ထသွား၍ ထိုနေရာတွင် ဖမ်းခေါ်သွားခြင်းခံရရာမှပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် ငိုကြွေးမြည်တမ်းလျက် အစာမစား၊ ရေမသောက်ဘဲနေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်း၊ တန်ဆာမျိုးကိုလည်းကောင်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အား လှူရသော အလှူတို့ကိုလည်းကောင်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဖို့ ပြင်ဆင်၏။