Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 1:6 - Judson Bible in Zawgyi Version

6 အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည်၊ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ငွေ​တန်​ဆာ​နှင့် ရွှေ​အ​စ​ရှိ​သော ဥ​စ္စာ​များ၊ တိ​ရ​စ္ဆာန်​များ၊ အ​ဖိုး​ထိုက်​သော​အ​ရာ​တို့​နှင့် မ​စ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို​သူ​တို့​ဝန်းကျင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​စေတနာ​အလျောက် ရွှေ​ငွေ​အသုံးအဆောင်​များ​၊ ပစ္စည်းဥစ္စာ​များ​၊ တိရစ္ဆာန်​များ​၊ အဖိုးတန်​လက်ဆောင်​များ​ဖြင့် ပါဝင်​ပေးလှူ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့ အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 1:6
12 ပူးပေါင်းရင်းမြစ်များ  

လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။


ဘု​ရား​သ​ခင်၏​လူ​တည်း​ခို​ရာ အ​ရပ်​ရပ်၌​နေ​သော သူ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ရွှေ၊ ငွေ၊ ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​နှင့် မ​စ​စေ​ဟု မိန့်​တော်​မူ၏။


စ​တု​တ္ထ​နေ့​တွင် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌၊ ဖိ​န​ဟတ်​သား​ဧ​လာ​ဇာ​နှင့် လေ​ဝိ​အ​မျိုး​ယော​ရှု​သား ယော​ဇ​ဗဒ်၊ ဗိ​နွိ​သား​နော​ဒိ​တို့​သည် ဝိုင်း၍​ကြည့်​ရှု​လျက်၊


အ​ကြောင်း​မူ​ကား၊ သူ​တို့​က ထို​အ​လုပ်​ကို လက်​စ​မ​သတ်​နိုင်​အောင် သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်​ဟု ဆို​လျက် ငါ​တို့​ကို ခြိမ်း​ခြောက်​ကြ၏။ သို့​ရာ​တွင် ထို​စ​ကား​ကြောင့် ငါ​သာ၍​အား​ရှိ၏။


သူ​တို့​ကို ချုပ်​ထား​သိမ်း​သွား​သော သူ​အ​ပေါင်း​တို့​သည် သ​နား​ရ​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ၏။


တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။


မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။


တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။


အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။


လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ