ဧဇရမှတ်စာ 1:1 - Judson Bible in Zawgyi Version1 ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပထမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရ ဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူ သဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင် ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိ အားဖြင့် ထာဝရဘုရားပေးတော်မူသည့် ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန် ပင်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။ |
ဇေရုဗဗေလနှင့် ယောရှု အစရှိသော ဣသရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြောကြ၏။
ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။
အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှာ၊ အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်း နန်းစံဆယ်သုံးနှစ်တွင်လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်း နန်းစံဆယ်တစ်နှစ်စေ့၍ ပဉ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည် တိုင်အောင်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ်ယေရမိစကားမှာ၊