ယေဇကျေလ 7:22 - Judson Bible in Zawgyi Version22 ငါလည်း မျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ဓားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်22 သူတို့ကို ငါမျက်နှာလွှဲထားသဖြင့် သူတို့သည် ငါမြတ်နိုးသောနေရာကို ညစ်ညူးစေကြမည်။ ဓားပြတို့သည်လည်း ထိုနေရာသို့ဝင်ရောက်၍ ညစ်ညူးစေကြမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 ဓားပြများသည်ငါ၏ဗိမာန်တော်သို့ အတင်းဝင်ရောက်ကာညစ်ညမ်းစေသော အခါငါသည်မျက်ကွယ်ပြုမည်။'' အခန်းကိုကြည့်ပါ။ |
အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဘက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တစ်ကျွန်းတစ်နိုင်ငံ ဘုရားတို့ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တစ်ကျွန်းတစ်နိုင်ငံမြေ ဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။