Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 5:16 - Judson Bible in Zawgyi Version

16 သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ငါ​သည် သင်​တို့​ထံ သေ​စေ​နိုင်​သော​ငတ်မွတ်ခေါင်းပါး​ခြင်း​မြား​ကို ပစ်လွှတ်​လိုက်​သောအခါ​၊ သင်​တို့​ကို ဖျက်ဆီး​ပစ်​မည့် ဖျက်ဆီး​ခြင်း​မြား​ကို​ပစ်လွှတ်​သောအခါ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး အကြီးအကျယ်​ဖြစ်​လိမ့်မည်​။ သင်​တို့​၏​စားနပ်ရိက္ခာ​ကို ဖြတ်တောက်​ပစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ငါ​သည်​သင့်​အား​ရိက္ခာ​ဖြတ်​၍​ငတ်​မွတ်​စေ မည်။ သင်​သည်​မြား​ချက်​ဒဏ်​ကဲ့​သို့​ပြင်း​ပြ စွာ​ဖျက်​ဆီး​မည့်​ငတ်​မွတ်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​လိမ့်​မည်။ ငါ​သည်​သင့်​ကို​ဖျက်​ဆီး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 5:16
12 ပူးပေါင်းရင်းမြစ်များ  

ကြာ​မြင့်​စွာ​ဝိုင်း​ထား​သော​ကြောင့်၊ ရှ​မာ​ရိ​မြို့၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍၊ မြည်း​ခေါင်း​တစ်​လုံး​ကို ငွေ​ရှစ်​ဆယ်​နှင့်​လည်း​ကောင်း၊ ပဲ​ကြမ်း​တစ်​ပြည်​ကို ငွေ​ငါး​ကျပ်​နှင့်​လည်း​ကောင်း ရောင်း​ရ၏။


သေ​စေ​သော လက်​နက်​ကို​လည်း သူ့​အ​ဖို့​ပြင်​ဆင်၍ မြား​တော်​တို့​ကို လောင်​စေ​တော်​မူ၏။


အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။


ထို​နှစ်၊ စ​တု​တ္ထ​လ ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန် အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊


လေး​တော်​ကို​တင်၍ ပြစ်​စ​ရာ​စက်​အ​ရာ၌ ငါ့​ကို ထား​တော်​မူ၏။


အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊


တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။


ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သင်​တို့​ကို လု​ယက်​နှိပ်​စက်​ရ​သော မွတ်​သိပ်​ခြင်း​ဘေး၊ သား​ရဲ​ဘေး​ကို ငါ​လွှတ်​လိုက်၍၊ ဓား​ဘေး​ကို​လည်း ရောက်​စေ​သ​ဖြင့်၊ နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​တို့​သည် လွှမ်း​မိုး​သော​အ​ခါ၌​လည်း​ကောင်း ထို​သို့​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ၏။


သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ