Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 48:1 - Judson Bible in Zawgyi Version

1 ဣ​သ​ရေ​လ​အ​မျိုး ခ​ရိုင်​စု​အ​မည်​ကား၊ မြောက်​ဘက်၌ ဟေ​သ​လုန်​လမ်း​နှင့် ဟာ​မတ်​လမ်း​နား၊ ဟာ​ဇ​ရေ​နန်​မြို့​ပါ​လျက် ဒ​မာ​သက်​မြို့​နယ် မြောက်၊ ဟာ​မတ်​မြို့​နယ် တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မှ​သည် ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း ဒန်​ခ​ရိုင်​ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 “မျိုးနွယ်​အမည်​အလိုက် ရ​သော​ဝေစု​ကား ဤသို့​ဖြစ်​၏​။ မြောက်ဘက်​အစွန်း ဟေသလုန်​မြို့​မှ လီဘိုဟာမတ်​မြို့​သို့​သွား​ရာ​လမ်း​တစ်လျှောက် ထိုမှ ဒမတ်စကပ်​မြို့​နှင့် မြောက်ဘက်​ရှိ​ဟာမတ်​မြို့​၏​နယ်နိမိတ်​အကြား​ရှိ ဟာဇရေနန်​မြို့​အထိ အရှေ့ဘက်​မှ အနောက်ဘက်​အထိ​နယ်နိမိတ်​သည် ဒန်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1-7 မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန် မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ ဒန် အာ​ရှာ န​ဿ​လိ မ​နာ​ရှေ ဧ​ဖ​ရိမ် ရု​ဗင် ယု​ဒ

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 48:1
16 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ခ​ရိုင်​ရှိ​သ​မျှ​တို့​ကို လျှောက်​သွား၍၊ လူ​တို့​ကို​ရေ​တွက်​လော့​ဟု အ​ထံ​တော်၌​ရှိ​သော ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အား မိန့်​တော်​မူ၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။


အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။


တစ်​ပါး​အ​မျိုး​သား​နေ​လေ​ရာ​ရာ​ခ​ရိုင်၌ သူ့​အ​မွေ​ခံ​စ​ရာ​မြေ​ကို ပေး​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ