ယေဇကျေလ 45:4 - Judson Bible in Zawgyi Version4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |