Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 41:16 - Judson Bible in Zawgyi Version

16 အ​တွင်း​ဗိ​မာန်​နှင့် တံ​တိုင်း​မုခ်​များ၊ တံ​ခါး​ခုံ​များ၊ ကျဉ်း​သော​ပြူ​တင်း​ပေါက်​များ၊ တံ​ခါး​ခုံ​ရှိ​သ​မျှ တစ်​ဖက်​တစ်​ချက်​သုံး​ဆင့်​ရှိ​သော ထ​ရံ​အ​ခန်း​နံ​ရံ​များ​တို့​သည် မြေ​မှ​ပြူ​တင်း​ပေါက်​တိုင်​အောင် ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လျက်​ရှိ၏။ ပြူ​တင်း​ပေါက်​တို့​သည်​လည်း ကွယ်​ကာ​လျက် ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 တံခါးခုံ​များ​၊ ရာဇမတ်ကွက်​ပြတင်းပေါက်ငယ်​များ​နှင့် တံခါးခုံ​ရှေ့​ရှိ သုံးဘက်သုံးတန်​မှ​လျှောက်လမ်း​များ​ကို သစ်သား​ဖြင့် အလှဆင်​ထား​၏​။ ကြမ်းပြင်​မှ​ပြတင်းပေါက်​အထိ​နံရံ​များ​၊ ပြတင်းပေါက်​များ​ကို​လည်း သစ်သား​ဖြင့် အလှဆင်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 41:16
14 ပူးပေါင်းရင်းမြစ်များ  

ကြမ်း​မှ​သည်​အ​မိုး​တိုင်​အောင် အ​တွင်း​ထ​ရံ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်၍၊ ကြမ်း​ကို​လည်း ဒု​ကြီး​သော​ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ၏။


အိမ်​တော်​လင်း​စ​ရာ​ဖို့ ကျဉ်း​သော ပြူ​တင်း​ပေါက်​တို့​ကို လုပ်​လေ၏။


အိမ်​တော်​အ​တွင်း​အ​မိုး​ကို ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ​လျက် စွန်​ပ​လွံ​ပင်​များ​နှင့် ကြိုး​များ​တို့​ကို​ထု၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။


ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​တံ​ခါး​ခုံ​မှ ရွှေ့၍​ခေ​ရု​ဗိမ်​အ​ပေါ်​မှာ တည်​လေ၏။


အ​ခန်း​များ၊ တံ​ခါး​အ​တွင်း​ပတ်​လည်​တိုင်​များ၊ တံ​ခါး​မုခ်​များ အ​တွင်း​ဘက်၌ ကျဉ်း​သော​ပြူ​တင်း​ပေါက်​များ​ရှိ၏။ တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။


အ​ရင်​ပြူ​တင်း​ပေါက်​ကဲ့​သို့ ပြူ​တင်း​ပေါက်​များ၊ မုခ်​များ​ရှိ၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။


ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။


လွတ်​လပ်​သော​အ​ရပ်၌ ကာ​သော​ရှေ့​တံ​တိုင်း​နှင့် နောက်​တံ​တိုင်း​ကို တိုင်း၍၊ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော ထ​ရံ​အ​ခန်း​ပါ​လျက် အ​လျား​အ​တောင်​တစ်​ရာ​ရှိ၏။


တံ​ခါး​ပေါက်​ရှိ​သ​မျှ​အ​ထက်၊ အ​တွင်း​ဗိ​မာန်​ပြင်​ဘက်၊ အိမ်​တော်​အ​တွင်း​ပြင် ထ​ရံ​ပတ်​လည်၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင်​ပုံ​ထု၍၊


အ​တောင်​နှစ်​ဆယ်​ရှိ​သော အ​တွင်း​တံ​တိုင်း​ရှေ့၊ ပြင်​တံ​တိုင်း ကျောက်​ခင်း​ရှေ့​တွင် တစ်​ဖက်​တစ်​ချက်၌ နံ​ရံ​အ​ခန်း သုံး​ဆင့်​ရှိ၏။


အ​ချင်း​လူ​တို့၊ သင်​တို့​သည် အ​မိုး​နှစ်​ထပ်​နှင့် ပြည့်​စုံ​သော​အိမ်၌ နေ​ချိန်​ရှိ​လျက်​ပင်၊ အိမ်​တော်​ပျက်​လျက် နေ​ရ​မည်​လော။


ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ