Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 27:9 - Judson Bible in Zawgyi Version

9 ဂေ​ဗ​လ​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​သည် သင့်​ကို ပြု​ပြင်​လျက် လိုက်​ကြ၏။ ပင်​လယ်​ကူး​တတ်​သော သင်္ဘော​ရှိ​သ​မျှ၊ သင်္ဘော​သား​တို့​နှင့်​တ​ကွ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ငှာ ပါ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သော ဂေဗလ​မြို့သား ဝါရင့်​ပညာရှင်​များ​လည်း​ရှိ​၏​။ ပင်လယ်ကူးသင်္ဘော​များ​၊ သင်္ဘောသား​များ​သည် သင့်​ထံ​လာ​၍ ကုန်စည်​ရောင်းဝယ်​ဖောက်ကား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 သင်္ဘော​ကို​ပြု​ပြင်​ဖာ​ထေး​ရန်​လိုက်​ပါ​သည့် ကျွမ်း​ကျင်​သူ​လက်​သ​မား​ဆ​ရာ​များ​သည် ဂေ​ဗ​လ​မြို့​မှ​ဖြစ်​ကြ​၏။ ပင်​လယ်​ကူး​သင်္ဘော​မှန်​သ​မျှ​မှ​သင်္ဘော​သား​တို့​သည် သင်​နှင့်​ရောင်း​ဝယ်​ဖောက်​ကား​မှု​ကို​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 27:9
7 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ရှော​လ​မုန်​မင်း၏​လက်​သ​မား​တို့​နှင့် ဟိ​ရံ​မင်း၏​လက်​သ​မား​တို့​သည် ဂေ​ဗာ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ၊ အိမ်​တော်​ကို​တည်​ဆောက်​စ​ရာ​ဖို့ သစ်​သား​များ၊ ကျောက်​များ​တို့​ကို ပြင်​ဆင်​ကြ၏။


ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။


ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။


အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​လည်း၊ ဝိုင်း၍ လော​တ​အ​မျိုး​သား​တို့​ဘက်​သို့ ဝင်​ကြ​ပါ၏။


နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။


လော​ကီ​ကုန်​သည်​တို့​သည် ထို​အ​တူ ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့ ကုန်​သွယ်​ဥ​စ္စာ​တည်း ဟူ​သော၊-


အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ