ယေဇကျေလ 18:9 - Judson Bible in Zawgyi Version9 ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။