Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:9 - Judson Bible in Zawgyi Version

9 ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်​တို့​အ​နား​မှာ ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ၏။ ဘီး​တို့​သည် ကျောက်​မျက်​ရွဲ၏ အ​ဆင်း​အ​ရောင် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဘေး​တွင် ဘီး​လေး​ဘီး​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​၏​ဘေး​တွင် ဘီး​တစ်​ဘီး​စီ​ရှိ​ပြီး ဘီး​များ​သည် ကျောက်မျက်ရွဲ​အရောင်​ကဲ့သို့ တောက်ပ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9-10 ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:9
6 ပူးပေါင်းရင်းမြစ်များ  

ခုံ​တစ်​ခု၌ ကြေး​ဝါ​လှည်း​ဘီး​လေး​ခု​စီ၊ ကြေး​ဝါ​ဝင်​ရိုး​နှင့်​တ​ကွ ရှိ၏။ အင်​တုံ​တင်​စ​ရာ​ဖို့ ခုံ​လေး​ထောင့်၌ ပ​ခုံး​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။


ဘီး​လေး​ခု​တို့​သည် ပုံ​သ​ဏ္ဌာန်​တစ်​ညီ​တည်း​ရှိ၍၊ ဘီး​တစ်​ခု​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ရှိ​ကြ၏။


ခေ​ရု​ဗိမ်​အ​တောင်​အောက်၌ လူ​လက်​ကို​လည်း ငါ​မြင်၏။


သူ၏​ကိုယ်​သည် ကျောက်​မျက်​ရွဲ​ကဲ့​သို့ ဖြစ်၏။ သူ့​မျက်​နှာ​သည်​လည်း လျှပ်​စစ်​ကဲ့​သို့ ထင်၏။ သူ့​မျက်​စိ​သည်​လည်း မီး​ခွက်​ကဲ့​သို့​ဖြစ်၏။ သူ့​လက်​ခြေ​တို့​သည် ဦး​သစ်​သော ကြေး​ဝါ​အ​ရောင်​အ​ဆင်း​ရှိ၏။ သူ့​စ​ကား​သံ​သည် များ​စွာ​သော လူ​စု​အ​သံ​နှင့် တူ၏။


ပ​ဉ္စ​မ​အ​မြစ်​ကား ကြောင်၊ ဆ​ဋ္ဌ​မ​အ​မြစ်​ကား ကျောက်​နီ၊ သ​တ္တ​မ​အ​မြစ်​ကား ခ​ရု​သု​လိတ်၊ အ​ဋ္ဌ​မ အ​မြစ်​ကား မျက်​ရွဲ၊ န​ဝ​မ​အ​မြစ်​ကား ဥဿ​ဖ​ရား၊ ဒ​သ​မ​အ​မြစ်​ကား ခ​ရု​သု​ပြတ်၊ ဧ​က​ဒ​သ​မ အ​မြစ်​ကား ဝှါ​ကိ​န်သု၊ ဒွါ​ဒ​သ​မ​အ​မြစ်​ကား ဂေါ်​မိတ်​ဖြစ်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ