Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 8:11 - Judson Bible in Zawgyi Version

11 ဖား​တို့​သည်​ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ၊ ကျွန်​များ၊ လူ​များ​ထံ​မှ​ထွက်​သွား၍ မြစ်၌​သာ​နေ​ကြ​လိမ့်​မည်​ဟု မော​ရှေ​လျှောက်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 8:11
7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည်​နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ၏။


အာ​ရုန်​နှင့်​အ​တူ အ​ထံ​တော်​မှ​ထွက်​သွား၍၊ ဖာ​ရော​ဘု​ရင်​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​တော်​မူ​သော ဖား​တို့​အ​ကြောင်း​ကြောင့်၊ မော​ရှေ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​တောင်း​လျှောက်​သော စ​ကား​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ဖား​တို့​သည် အိမ်​များ၊ ရွာ​များ၊ လယ်​ပြင်​များ​တို့​တွင် သေ​ကြ၏။


မြစ်​သည်​လည်း​များ​စွာ​သော ဖား​တို့​ကို​ဖွား​၍၊ သူ​တို့​သည်​သင်​၏​အိမ်၌​လည်း​ကောင်း၊ အိပ်​ခန်း၌​လည်း​ကောင်း၊ အိပ်​ရာ​ပေါ်၌​လည်း​ကောင်း၊ သင်၏​ကျွန်​တို့​အိမ်၌​လည်း​ကောင်း၊ သင်၏​လူ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​မီး​ဖို၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း တက်​ကြ​လိမ့်​မည်။


မော​ရှေ​က​လည်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ​မှ​ဖား​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး၍၊ မြစ်၌​သာ​နေ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​ကျွန်​များ၊ လူ​များ​အ​ဖို့ အ​ကျွန်ုပ်​တောင်း​ပန်​ရ​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​ဟု လျှောက်​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ