ထွက်မြောက်ရာ 7:5 - Judson Bible in Zawgyi Version5 ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။