Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 7:19 - Judson Bible in Zawgyi Version

19 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 တစ်ဖန် ထာဝရဘုရား​က “​သင်​သည် အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​၊ ရေလှောင်ကန်​များ​စသည့် အီဂျစ်​ပြည်​ရှိ​ရေ​ရှိသမျှ​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​။ ထိုအခါ ရေ​သည် သွေး​ဖြစ်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် သစ်သားခွက်​များ​နှင့်​ကျောက်ခွက်​များ​ထဲ၌​ပါမကျန် သွေး​ဖြစ်​လိမ့်မည်​’​ဟူ၍ ပြော​လော့​”​ဟု မောရှေ​အား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 7:19
15 ပူးပေါင်းရင်းမြစ်များ  

ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။


ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍ သင်၏​ခါး​ကို စည်း​လော့။ ငါ့​တောင်​ဝှေး​ကို​ကိုင်၍ သွား​လော့။ လမ်း​မှာ သူ​တစ်​ပါး​တွေ့​လျှင် နှုတ်​မ​ဆက်​နှင့်။ သင့်​ကို သူ​တစ်​ပါး​နှုတ်​ဆက်​လျှင် ပြန်၍​မ​ပြော​နှင့်။ ငါ့​တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​လော့​ဟု မှာ​ထား​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍ မိုး​သီး​မ​ဖျက်၊ မြေ​ပေါ်​မှာ ကျန်​ရစ်​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို စား​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ မှောင်​မိုက် သာ​မ​ည​မ​ဟုတ်၊ စမ်း​သပ်၍​တွေ့​ရ​သော မှောင်​မိုက်​ဖြစ်​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊


သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။


မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပင်​လယ်​ရေ​သည် အဲ​ဂု​တ္တု​လူ​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​အ​ပေါ်​သို့​ပြန်​စေ​ခြင်း​ငှာ၊ ပင်​လယ်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊


သို့​မ​ဟုတ် ထို​နိ​မိတ်​နှစ်​ပါး​ကို​မ​ယုံ၊ သင်၏​စ​ကား​ကို​နား​မ​ထောင်​လျှင်၊ သင်​သည် မြစ်​ရေ​အ​ချို့​ကို​ယူ၍ ကုန်း​ပေါ်​မှာ​သွန်း​လော့။ ထို​သို့ မြစ်​ထဲ​က​ယူ​သော​ရေ​သည် ကုန်း​ပေါ်​မှာ အ​သွေး​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။


အ​မှီ​တံ​ကဲ​တို့​သည်​ပျက်၍၊ အ​ခ​စား​သော​သူ​အ​ပေါင်း​တို့​သည် ညှိုး​ငယ်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။


ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ