Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 4:18 - Judson Bible in Zawgyi Version

18 မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 4:18
11 ပူးပေါင်းရင်းမြစ်များ  

အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။


ဧ​လိ​ရှဲ​က၊ သင်​သည်​သွား၍ ယော်​ဒန်​မြစ်၌ ခု​နစ်​ကြိမ်​တိုင်​အောင် ရေ​ချိုး​လော့။ အ​သား​ပြောင်း၍ သန့်​ရှင်း​လိမ့်​မည်​ဟု လူ​ကို​စေ​လွှတ်၍ ပြော​စေ၏။


ဧ​လိ​ရှဲ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ဆို၏။ နေ​မန်​သည်​သွား၍ အ​ဝေး​သို့​မ​ရောက်​မီ၊


မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။


မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။


ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။


အင်​တန်​ကာ​လ​ကြာ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​တို့​သည် သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ဖူး​သော မြို့​များ​တို့၌ ရှိ​သော ညီ​အစ်​ကို​တို့​သည် အ​ဘယ်​သို့​ရှိ​နေ​သည်​ကို ကြည့်​ရှု၍ ပြန်​သွား​ကြ​ကုန်​အံ့​ဟု ဗာ​န​ဗ​အား​ဆို၏။-


ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-


ဘု​ရား​သ​ခင်၏ နာ​မ​တော်​နှင့်​တ​ရား​တော်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စေ​ခံ​ကျွန် မည်​သည်​ကား၊ မိ​မိ​သ​ခင်​ကို အ​လွန်​ရို​သေ​ထိုက်​သော​သူ ဟူ၍ မှတ်​စေ။-


ယဇ်​ပု​ရော​ဟိတ်​က ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ သင်​တို့​သွား​ရာ​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​တော်​မူ​သည်​ဟု ပြန်​ပြော၏။


ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ