Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 38:8 - Judson Bible in Zawgyi Version

8 ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ စည်း​ဝေး​တတ်​သော​မိန်း​မ​တို့၏ ကြေး​ဝါ​မှန်​များ​ကို​ယူ၍ ကြေး​ဝါ​အင်​တုံ​နှင့် ကြေး​ဝါ​ခြေ​ထောက်​ကို လုပ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ကြေးနီ​အင်တုံ​နှင့်​ကြေးနီ​ခြေတိုင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အဝင်ဝ​၌​အစေခံ​သော အမျိုးသမီး​တို့​၏​ကြေးမုံ​ဖြင့် လုပ်ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 38:8
23 ပူးပေါင်းရင်းမြစ်များ  

အ​ဝန်း​လေး​တောင်​ကျယ်၍၊ ရေ​ဗတ်​လေး​ဆယ်​ဝင်​နိုင်​သော ကြေး​ဝါ​အင်​တုံ​တစ်​ဆယ်​ကို​လည်း​လုပ်၍၊ ခုံ​တစ်​ခု​ပေါ်​မှာ အင်​တုံ​တစ်​လုံး​စီ တင်​ထား​လေ၏။


အ​ချင်း ဆယ်​တောင်၊ အ​ဝန်း အ​တောင်​သုံး​ဆယ်၊ အ​ဇောက် ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း လုပ်​လေ၏။


ကျေး​ဇူး​တော်​ကို ချီး​မြှောက်​သော​အ​သံ​နှင့် မြွက်​ဆို၍၊


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊


မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော ပ​လ္လင်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှ​င့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊


ယဇ်​ပ​လ္လင်​ကို​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက်​ကွင်း​များ၌ လျှို​ထား​လေ၏။ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့် လုပ်​လေ၏။


အင်​တုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ တည်​ထား​၍၊ အင်​တုံ၌​ရေ​ကို​ထည့်​ရ​မည်။


ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။


လွယ်​မှန်၊ အ​တွင်း​အင်္ကျီ၊ ဦး​ရစ်၊ တင်း​တိမ်​တို့​ကို ပယ်​ရှင်း​တော်​မူ​မည်။


ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။


ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-


အ​သက်​ကြီး​ရင့်၍ အ​နှစ်​ရှစ်​ဆယ်​လေး​နှစ်​ခန့်​မျှ တိုင်​တိုင် မု​ဆိုး​မ​ဖြစ်​လျက်၊ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​အား​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု၍ ဗိ​မာန်​တော်​နှင့် မ​ခွာ​ဘဲ​နေ၏။-


ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။


ပေ​တ​ရု​မူ​ကား​ပြင်၌ တံ​ခါး​နား​မှာ​ရပ်​နေ၏။ ထို​ကြောင့် ယဇ်​ပု​ရာ​ဟိတ်​မင်း​နှင့် အ​ကျွမ်း​ဝင်​သော တ​ပည့်​တော်​သည်​ထွက်၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​မှ ပေ​တ​ရု​ကို​သွင်း​လေ၏။-


မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။-


စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။


ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။-


သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွဋ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-


ဧ​လိ​သည် အ​သက်​အ​ရွယ်​လွန်​သော​အ​ခါ၊ သူ၏​သား​တို့​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၌ ပြု​သ​မျှ​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ စည်း​ဝေး​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ