Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 38:3 - Judson Bible in Zawgyi Version

3 အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 38:3
6 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။


အ​ချင်း ဆယ်​တောင်၊ အ​ဝန်း အ​တောင်​သုံး​ဆယ်၊ အ​ဇောက် ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း လုပ်​လေ၏။


ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။


ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​လေ၏။


ကြေး​ဝါ​ဆန်​ခါ​ကို​လုပ်၍ ယဇ်​ပ​လ္လင်​ခါး​ပန်း​အောက်​အ​လယ်၌​ထား၍၊


လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ