Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 32:5 - Judson Bible in Zawgyi Version

5 အာ​ရုန်​သည် ထို​အ​မှု​ကို​သိ​မြင်​လျှင်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပ​လ္လင်​ကို​တည်၍၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​သော​နေ့​ဖြစ်​သည်​ဟု တပ်​ကို​လည်၍​ကြော်​ငြာ​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို​အမှု​ကို အာရုန်​တွေ့မြင်​သောအခါ နွားသငယ်ရုပ်တု​ရှေ့​၌ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။ ထို့နောက် အာရုန်​က “​မနက်ဖြန်​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ရှိ​၏​”​ဟု ကြေညာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 32:5
18 ပူးပေါင်းရင်းမြစ်များ  

စာ​ချက်​ဟူ​မူ​ကား၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍၊ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ မြှောက်​ထား​ကြ​လော့။


ဗာ​လ​ဘု​ရား​အ​ဖို့ ဓ​မ္မ​ပွဲ​ကို​ပြင်​ဆင်​ကြ​ဟု တစ်​ဖန်​စီ​ရင်​သည်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို စောင့်​ရ​မည်​ဟု ကြော်​ငြာ​ကြ၏။


ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။


အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။


မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊


ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။


မော​ရှေ​သည်​လည်း ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​နိဿိ​ဟု သ​မုတ်​လေ၏။


အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။


နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။


ဧ​ဖ​ရိမ်​သည် များ​စွာ​သော​ယဇ်​ပ​လ္လင်​တို့​ကို အ​ပြစ်​အ​ဖို့ လုပ်​သော​ကြောင့်၊ ယဇ်​ပ​လ္လင်​တို့​ကို သူ၏​အ​ပြစ်​ဟူ၍ မှတ်​ရ​လိမ့်​မည်။


ဣ​သ​ရေ​လ​သည် သူ့​ကို​ဖန်​ဆင်း​တော်​မူ​သော သ​ခင်​ကို​မေ့​လျော့၍ ဘုံ​ဗိ​မာန်​များ​ကို တည်​ဆောက်​တတ်၏။ ယု​ဒ​သည်​လည်း ခိုင်​ခံ့​သော​မြို့​တို့​ကို များ​ပြား​စေ​တတ်၏။ သို့​ရာ​တွင်၊ ငါ​သည် ထို​မြို့​များ​တို့​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​များ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။


သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊


ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။


ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​သော အ​လှူ​ဒါ​န၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ နေ့​ရက်​အ​သီး​အ​သီး​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ခြင်း​ငှာ စီ​ရင်​ရ​သော​ဓ​မ္မ​စည်း​ဝေး​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ ဖြစ်​သ​တည်း။


အ​ချိန်​တန်​မှ သင်​တို့​ကြော်​ငြာ​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ဟူ​မူ​ကား၊


ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။-


ရှော​လု​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။ ထို​ပ​လ္လင်​ကား ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​သော ပ​ထ​မ​ပ​လ္လင် ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ