Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 26:7 - Judson Bible in Zawgyi Version

7 တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 26:7
18 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။


ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။


တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့်​ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော၊ ပိတ်​ချော​ကု​လား​ကာ​ဆယ်​ထည်​ဖြင့် တဲ​တော်​ကို​လုပ်​ရ​မည်။


ထို​အ​ပေါ်​တဲ​၌​ပို​သော ကု​လား​ကာ​တစ်​ဝက်​ကို​ကား၊ တဲ​တော်​နောက်​ဖေး​မှာ တွဲ​လွဲ​ဆွဲ​ထား​ရ​မည်။


အ​ပေါ်​တဲ​ဖုံး​အုပ်​ဖို့ အ​နီ​ဆိုး​သော​သိုး​ရေ​ကို​လည်း​ကောင်း၊ ထို​သိုး​ရေ​အ​ပေါ်၌ တ​ဟာ​ရှ​သား​ရေ​ကို​လည်း​ကောင်း​လုပ်​ရ​မည်။


ရွှေ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ထို​ရွှေ​ချောင်း​ဖြင့် ကု​လား​ကာ​များ​ကို ပူး​တွဲ​သ​ဖြင့်၊ တဲ​တော်​တစ်​ဆောင်​တည်း​ဖြစ်​ရ​မည်။


ကု​လား​ကာ​သည် အ​လျား​အ​တောင်​သုံး​ဆယ်၊ အ​နံ​လေး​တောင်​ရှိ​၍၊ ကု​လား​ကာ ဆယ်​တစ်​ထည်​တို့​သည် အ​လျား​အ​နံ​ချင်း​တူ​ရ​မည်။


ကု​လား​ကာ​ငါး​ထည်​တစ်​စပ်၊ ခြောက်​ထည်​တစ်​စပ်​တည်း​ချုပ်၍၊ ဆ​ဋ္ဌ​မ​ကု​လား​ကာ​ကို တဲ​တော်​ဦး၌​ခေါက်​ထား​ရ​မည်။


ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊ အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ​ရှိ​သော​သူ​တိုင်း ဆောင်​ခဲ့၏။


မိ​မိ​ဉာဏ်​နှိုး​ဆော်​သော မိန်း​မ​အ​ပေါင်း​တို့​သည် ဆိတ်​မွေး​ကို ရက်​ကြ၏။


ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။


ဂေ​ရ​ရှုန်​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊


သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။


အ​တွင်း​တဲ​တော်​ကု​လား​ကာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကု​လား​ကာ၊ အ​ပေါ်​တဲ၊ တ​ဟာ​ရှ​သား​ရေ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာတဲ​တော် တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊


ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။-


ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ