ထွက်မြောက်ရာ 24:4 - Judson Bible in Zawgyi Version4 မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။- အခန်းကိုကြည့်ပါ။ |
အမှီတံကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံသော သူတို့ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း၊ လက်ယာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။-