Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 22:5 - Judson Bible in Zawgyi Version

5 သူ့​လယ်၊ သူ့​စ​ပျစ်​ဥ​ယျာဉ်​ကို စား​စေ​သော်​လည်း​ကောင်း၊ မိ​မိ​တိ​ရ​စ္ဆာန်​ကို သူ့​လယ်၌​ထိန်း​ကျောင်း​သော်​လည်း​ကောင်း၊ မိ​မိ​လယ်၊ မိ​မိ​စ​ပျစ်​ဥ​ယျာဉ်​ထဲ​က​အ​ကောင်း​ဆုံး​ကို ထုတ်၍ ပြန်​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 တစ်စုံတစ်ဦး​သည် မိမိ​၏​တိရစ္ဆာန်​များ​ကို လယ်ကွင်း​၊ သို့မဟုတ် စပျစ်ခြံ​ထဲ၌​ကျက်စား​ရန် လွှတ်​ထား​သဖြင့် သူတစ်ပါး​၏​လယ်​ထဲ၌​ကျက်စား​လျှင် မိမိ​လယ်​၊ မိမိ​စပျစ်ခြံ​ထဲမှ​အကောင်းဆုံး​ကို အလျော်ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 22:5
7 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​လုပ်၍​ရ​သော​ဥ​စ္စာ​ကို မိ​မိ​မ​သုံး​ဘဲ ပြန်​ပေး​ရ၏။ ပြန်​ပေး​ရ​သော ဥ​စ္စာ​ဖြစ်​သော​ကြောင့် အား​ရ​ခြင်း​မ​ရှိ​ရ။


တွင်း​ရှင်​သည် မြင်း၊ နွား​အ​ဖိုး​ကို​လျော်၍ အ​သေ​ကောင်​ကို​ယူ​ရ​မည်။


သို့​ရာ​တွင် သူ​တစ်​ပါး​ခိုး​သွား​လျှင်၊ အပ်​နှံ​ခံ​သူ​သည် ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။


သို့​သော်​လည်း နေ​ထွက်​လျှင် သေ​စား​သေ​စေ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပြန်​ပေး​စ​ရာ​အ​ကြောင်း​ရှိ၏။ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​လျှင်၊ ခိုး​သည်​ဥ​စ္စာ​အ​တွက် ကိုယ်​ကို​ရောင်း​ရ​မည်။


သူ​ခိုး​လက်၌ ခိုး​သော​နွား၊ သိုး​ကို​အ​သက်​ရှင်​လျက် အ​မှန်​တွေ့​လျှင်၊ နှစ်​ဆ​ပြန်​ပေး​ရ​မည်။


မီး​ရှို့​သော​အ​ခါ မြက်​ပင်​ကြောင့် အ​စဉ်​အ​တိုင်း​လျှောက်​၍​လောင်​လျက်၊ ကောက်​လှိုင်း၊ စ​ပါး​ပင်၊ လယ်၌​ရှိ​သော​အ​ရာ​တို့​ကို လောင်​လျှင်၊ မီး​ရှို့​သော​သူ​သည် အ​မှန်​လျော်​ရ​မည်။


ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ