Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 2:18 - Judson Bible in Zawgyi Version

18 ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သူ​တို့​သည် ဖခင်​ရွေလ​ထံသို့ ပြန်ရောက်​သော် ဖခင်​က “​ယနေ့ သင်​တို့ အဘယ်ကြောင့် စောစော​ပြန်ရောက်​ကြ​သနည်း​”​ဟု မေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 2:18
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။


မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။


မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။


မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း ငါ​တို့​အား​ပေး​တော်​မူ​မည်​အ​ရပ်​သို့ ငါ​တို့​သည် ယ​ခု​ခ​ရီး​သွား​ကြ၏။ ငါ​တို့​နှင့်​အ​တူ လိုက်၍​လာ​ပါ။ ငါ​တို့​သည် ကျေး​ဇူး​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​မည် က​တိ​ရှိ​ပါ၏​ဟု မိ​မိ​ယော​က္ခ​မ​မိ​ဒျန်​အ​မျိုး၊ ရွေ​လ​သား၊ ဟော​ဗပ်​အား​ဆို​လျှင်၊


မ​စင်​ကြယ်​သော​သူ​သည် ကိုယ်​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ မ​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ မ​စင်​ကြယ်​ဘဲ​နေ၏။


လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ