ထွက်မြောက်ရာ 19:4 - Judson Bible in Zawgyi Version4 ငါသည် အဲဂုတ္တုလူတို့၌ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ထာဝရဘုရားက ‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့သိမြင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။- အခန်းကိုကြည့်ပါ။ |
သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊
သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။