Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 16:9 - Judson Bible in Zawgyi Version

9 တစ်​ဖန်​သင်​တို့​သည်​အ​ပြစ်​တင်​လျက်၊ မြည်​တမ်း​သော​အ​သံ​ကို ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​လော့​ဟု အာ​ရုန်​ကို မှာ​ထား​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့နောက် မောရှေ​က အာရုန်​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ‘​သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​ဖြစ်၍ ရှေ့​တော်​သို့ ချဉ်းကပ်​ကြ​လော့​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 16:9
5 ပူးပေါင်းရင်းမြစ်များ  

ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊


နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။


တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။


ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။


ကော​ရ​အား​လည်း၊ အာ​ရုန်​နှင့် သင်​အ​စ​ရှိ​သော သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည်၊ နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရှိ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ