Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 14:5 - Judson Bible in Zawgyi Version

5 ထို​လူ​တို့​ထွက်​ပြေး​ကြောင်း​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​အား​ကြား​လျှောက်​သ​ဖြင့်၊ သူ​မှ​စ၍ ကျွန်​များ​တို့​သည် မ​နာ​လို​သော​စိတ်​ပေါက်​ပြန်​လျှင်၊ ငါ​တို့​သည် ဤ​သို့​ပြု၍ ဣ​သ​ရေ​လ​လူ​တို့​ကို ငါ​တို့​စေ​ခိုင်း​ရာ​မှ အ​ဘယ်​ကြောင့်​လွှတ်​ရ​သ​နည်း​ဟု ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 အစ္စရေး​လူမျိုး​တို့​ထွက်ပြေး​ကြောင်း​ကို အီဂျစ်​ဘုရင်​အား ကြားလျှောက်​သောအခါ ထို​လူမျိုး​တို့​နှင့်ပတ်သက်ပြီး ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​သည် စိတ်​ပြောင်း​၍ “​ငါ​တို့​သည် အဘယ်ကြောင့် ဤသို့​ပြု​မိ​သနည်း​။ အကယ်စင်စစ် အစ္စရေး​လူမျိုး​တို့​ကို ငါ​တို့​၏​အစေခံ​အဖြစ်​မှ လွှတ်ပေး​မိ​ပါ​ပြီ​တကား​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 14:5
9 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​ပြေး​ကြောင်း​ကို၊ သုံး​ရက်​မြောက်​သော​နေ့၌ လာ​ဗန်​ကြား​သိ​လျှင်၊


မိ​မိ​လူ​တို့​ကို ရန်​သူ​တို့​သည်​မုန်း၍၊ မိ​မိ​ကျွန်​တို့​ကို​ပ​ရိ​ယာယ်​ပြု​မည်​အ​ကြောင်း၊ ထို​သူ​တို့ စိတ်​နှ​လုံး​ကို ပြောင်း​လဲ​စေ​တော်​မူ၏။


အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သေ​ကောင်​ဖြစ်​ကြ​ပြီ​ဟု​ဆို​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က အ​လျင်​အ​မြန်​လွှတ်​ခြင်း​ငှာ ကျပ်​ကျပ်​နှိုး​ဆော်​ကြ​၏။


ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။


ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်၊ ရ​ထား​တော်​ကို​ပြင်၍၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို ခေါ်​လေ​၏။


ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ