Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 13:2 - Judson Bible in Zawgyi Version

2 လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “​အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​တိုင်း​ကို ငါ​ပိုင်​၏​။ ငါ့​အတွက် သန့်ရှင်း​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 13:2
19 ပူးပေါင်းရင်းမြစ်များ  

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊


အ​ဦး​လုပ်​သော မုန့်​စိမ်း၊ ပူ​ဇော်​သ​ကာ၊ သစ်​သီး​အ​မျိုး​မျိုး၊ စ​ပျစ်​ရည်၊ ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​အ​ခန်း​သို့​လည်း​ကောင်း၊ လယ်​လုပ်​သော မြို့​ရွာ​ရှိ​သ​မျှ​တို့၌ မြေ​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိ​သား​တို့​ထံ​သို့​လည်း​ကောင်း၊ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း စီ​ရင်​ထုံး​ဖွဲ့​ကြ၏။


မော​ရှေ​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဦး​ဖွား​သော​သူ၊


ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​မ​ပြော​ရ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို မ​ကျိန်​ဆဲ​ရ။


သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။


ဖာ​ရော​ဘု​ရင်​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​သည်​ငါ့​သား​ဖြစ်၏။ ငါ့​သား​ဦး​ဖြစ်၏။


ထို​မှ​တစ်​ပါး၊ သင်​ဖွား​သော ငါ၏​သား​သ​မီး​တို့​ကို​ယူ၍၊ ထို​ရုပ်​တု​တို့​အား ကျွေး​မွေး​ခြင်း​ငှာ ယဇ်​ပူ​ဇော်​လေ​ပြီ။


သင်​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ စိတ်​မ​ပြေ​သော​ကြောင့် ငါ၏​သား​သ​မီး​တို့​ကို သတ်၍ ရုပ်​တု​တို့​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်​လော။


ထာ​ဝ​ရ​ဘု​ရား​ပိုင်​ထိုက်​သော တိ​ရ​စ္ဆာန်​သား​ဦး​ကို၊ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း​စေ​ရ။ နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ဥ​စ္စာ​ဖြစ်၏။


အ​ဦး​ဖွား​သော​သား၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ​တို့​ကို သင်​ဆိုင်​ရ​မည်။ သို့​ရာ​တွင် လူ၏​သား​ဦး​နှင့် မ​စင်​ကြယ်​သော တိ​ရ​စ္ဆာန်၏​သား​ဦး​ကို အ​မှန်​ရွေး​ရ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။


အ​ကြောင်း​မူ​ကား အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​ငါ​သန့်​ရှင်း​စေ​သော​ကြောင့် သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊-


သင်၏​သိုး​နွား​တို့​တွင် အ​ဦး​ဖွား​သော အ​ထီး​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ရ​မည်။ အ​ဦး​ဖွား​သော​နွား၊ အ​ဦး​ဖွား​သော​သိုး​ကို မ​သုံး​ဆောင်​ရ။


ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ