ထွက်မြောက်ရာ 12:3 - Judson Bible in Zawgyi Version3 သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။- အခန်းကိုကြည့်ပါ။ |
နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက်ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအဆွေအမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအိမ်ထောင်သည် လူအသီးအသီးချဉ်းကပ်ရကြမည်။