Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 10:14 - Judson Bible in Zawgyi Version

14 ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 အလွန်​များပြား​သော​ကျိုင်းကောင်​များ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ တက်လာ​၍ အီဂျစ်​ပြည်​တစ်လျှောက်လုံး​တွင် နား​နေ​ကြ​၏​။ ထိုကဲ့သို့သော​ကျိုင်းကောင်​များ​သည် ယခင်​က​လည်း​မ​ရှိ​စဖူး​၊ နောင်တွင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 10:14
13 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊


သူ​တို့၏​မြေ​အ​သီး​အ​နှံ​ကို ခါ​သိ​လ​ကျိုင်း​တို့​အား​လည်း​ကောင်း၊ သူ​တို့​လုပ်၍​ရ​သော​ဥ​စ္စာ​ကို အ​ရာ​ဘ​ကျိုင်း​တို့​အား​လည်း​ကောင်း ပေး​တော်​မူ၏။


အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ရှေး​ကာ​လ၌​မ​ဖြစ်​စ​ဖူး၊ နောင်​ကာ​လ၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​ရ​လိမ့်​မည်။


ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။


မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊


ငါ့​စ​ပျစ်​နွယ်​ပင်​ကို ဖျက်​ဆီး၍ ငါ့​သင်္ဘော​သ​ဖန်း​ပင်​ကို ကျိုး​ပဲ့​စေ​ပြီ။ သုတ်​သင်​ပယ်​ရှင်း၍ ပစ်​လိုက်​လေ​ပြီ။ အ​ခက်​အ​လက်​တို့​သည် ဖြူ​ကြ၏။


သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။


သင့်​နေ​ရာ​ပြည်၌ သစ်​ပင်​ရှိ​သ​မျှ၊ မြေ​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ