ဧသတာ 9:30 - Judson Bible in Zawgyi Version30-31 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 မော်ဒကဲသည် အာရွှေရုမင်းကြီးပိုင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ မေတ္တာစကားနှင့် သစ္စာစကားဖြင့် စာပေးပို့လိုက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊- အခန်းကိုကြည့်ပါ။ |
ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဉ္စမလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက်ကြလော့။