Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 9:3 - Judson Bible in Zawgyi Version

3 အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 နယ်မြေဒေသ​အသီးသီး​ရှိ အကြီးအကဲ​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် ဘုရင့်​အမှုထမ်း​အပေါင်း​တို့​သည် မော်ဒကဲ​ကို​ကြောက်ရွံ့​ကြ​သဖြင့် ဂျူး​လူမျိုး​တို့​ကို ကူညီ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:3
9 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊


ရှင်​ဘု​ရင်​အ​မိန့်​တော် အ​မှာ​တော်​တို့​ကို ကိုယ်​စား​တော်​မင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့၌​အပ်၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဘု​ရား​သ​ခင့် အိမ်​တော်​ကို ပြု​စု​ကြ၏။


ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။


ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။


အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မှု​သည် ရှေ့​တော်၌ လျောက်​ပတ်၍ ကိုယ်​တော်​သည် ကျွန်​တော်​မ​ကို​လည်း ချစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​စီ​ရင်​သော​စာ​ကို ပယ်​မည်​အ​ကြောင်း၊ ထပ်၍ စာ​ရေး​စေ​တော်​မူ​ပါ။


ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊


စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ