Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 9:28 - Judson Bible in Zawgyi Version

28 ထို​ပု​ရ​နေ့​တို့​သည် ယု​ဒ​အ​မျိုး၌ မ​ပျောက်၊ သား​စဉ်​မြေး​ဆက်​တို့​သည် မ​မေ့​မ​လျော့၊ အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး အ​စဉ်​အ​ဆက်​တို့​သည် အောက်​မေ့ စောင့်​ရှောက်​မည်​အ​ကြောင်း ဝန်​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ဤ​ပွဲ​နေ့​များ​ကို မြို့ရွာ​တိုင်း​၊ ဒေသ​တိုင်း​ရှိ မျိုးနွယ်စု​အားလုံး​၊ မျိုးဆက်​အားလုံး အစဉ်​အမှတ်ရ​၍​ကျင်းပ​ရ​မည်​။ ဤ​ပုရိမ်​ပွဲ​နေ့​တို့​သည် ဂျူး​လူမျိုး​တို့​တွင် မ​ပပျောက်​စေ​ရ​။ ဤ​အမှတ်ရစရာ​သည် သူ​တို့​၏​သားစဉ်မြေးဆက်​တိုင်အောင် မ​ပျောက်ပျက်​သွား​စေ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ပြည်​နယ်​အ​သီး​သီး​နှင့်​မြို့​အ​သီး​သီး​တို့ တွင်​ယု​ဒ​အိမ်​ထောင်​စု​မှန်​သ​မျှ​သည် ထို​ပု​ရ ပွဲ​တော်​ကို​သား​စဉ်​မြေး​ဆက်​သ​တိ​ရ​ကျင်း ပ​ရန်​လည်း​ကောင်း​ဆုံး​ဖြတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:28
9 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊


ထို​အ​ခါ အ​ဘိ​ဟဲ​လ​သ​မီး မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​အ​မျိုး မော်​ဒ​ကဲ​တို့​သည်၊ ပု​ရ​နေ့​တို့​ကို မြဲ​မြံ​စွာ တည်​စေ​ခြင်း​ငှာ ကျပ်​တည်း​စွာ အာ​ဏာ​ထား၍ မှာ​စာ​ကို တစ်​ဖန်​ရေး​ထား​ကြ၏။


အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။


အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။


ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။


ထို​သ​ရ​ဖူ​သည် ဟေ​လင်၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ၊ ဇေ​ဖ​နိ၏​သား ဟင်​တို့​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ သက်​သေ​ဖြစ်​ရ​မည်။


သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ