Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 9:17 - Judson Bible in Zawgyi Version

17 ထို​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ထို​နေ့​သည် အာဒါ​လ​၊ တစ်ဆယ့်သုံး​ရက်​နေ့ ဖြစ်​၏​။ တစ်ဆယ့်လေး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:17
5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။


ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊


ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း စီ​ရင်​ရ​သော​အ​ချိန်​နီး၍၊ ယု​ဒ​အ​မျိုး၏ ရန်​သူ​တို့​က၊ ငါ​တို့​နိုင်​မည်​ဟု မျှော်​လင့်​သော​နေ့၊ အ​မှု​ပြောင်း​လဲ၍ ယု​ဒ​လူ​တို့​သည် မ​နာ​လို​သော​သူ​တို့​ကို နိုင်​သော နေ့​ရက်​တည်း​ဟူ​သော အာ​ဒါ​မည်​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊


ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။


ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ