ဧသတာ 8:3 - Judson Bible in Zawgyi Version3 တစ်ဖန် ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပျပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတစ်ဖက်၌ ကြံစည်သောအကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ထိုနောက်ဧသတာသည်မင်းကြီး၏ခြေ တော်ရင်းတွင်ပျပ်ဝပ်လျက်ငိုယိုကာ ယုဒ အမျိုးသားတို့အားကွပ်မျက်ရန်အတွက် အာဂတ်မှဆင်းသက်သူဟာမန်ကြံစည် ခဲ့သည့်ဘေးအန္တရာယ်ဆိုးကိုတားဆီး ပေးတော်မူရန်တောင်းပန်လေသည်။- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။
ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။