Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 8:14 - Judson Bible in Zawgyi Version

14 ထို​အ​မိန့်​တော်​စာ​ကို ရှု​ရှန်​နန်း​တော်၌ ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် ကျပ်​တည်း​စွာ စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့ လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ခြေမြန်​တော်​တို့​သည် တော်ဝင်​မြင်း​များ​ကို ဒုန်းစိုင်း​စီးထွက်​သွား​ကြ​၏​။ ထို​အမိန့်စာ​ကို ရှုရှန်​နန်းတော်​တွင်​လည်း ကြေညာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 8:14
13 ပူးပေါင်းရင်းမြစ်များ  

မု​ယော​စ​ပါး​ကို​လည်း​ကောင်း၊ မြင်း​တော်​များ၊ လား​တော်​များ​ဖို့ မြက်​ခြောက်​ကို​လည်း​ကောင်း၊ အ​လှည့်​သင့်​သည်​အ​တိုင်း နေ​ရာ​အ​ရပ်​သို့ ဆောင်​ခဲ့​ရ​ကြ၏။


ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။


ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊


ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊


အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။


အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ ယု​ဒ​လူ​အ​ကြီး​အ​ငယ် မိန်း​မ က​လေး​ရှိ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​စာ​ကို စာ​ပို့​လု​လင်​တို့​ဖြင့် နိုင်​ငံ​တော်​အ​ပြည်​ပြည်​သို့ ပေး​လိုက်​လေ၏။


ဤ​ရွေ့​ကား၊ လူ​အ​မျိုး​မျိုး​တို့​သည် ထို​နေ့​ရက်​တွင် အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။


ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။


ဤ​ရွေ့​ကား၊ ယု​ဒ​လူ​တို့​သည် ထို​နေ့​ရက်​တွင် ရန်​သူ​တို့​ကို ရန်​တုံ့​ပြု​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​အား ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။


မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊


ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏာ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။


ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊


ဒါ​ဝိဒ်​က​လည်း၊ ကိုယ်​တော်၌ ဓား​လှံ​ရှိ​သ​လော။ အ​မှု​တော်​ကို အ​လျင်​အ​မြန်​ဆောင်​ရ​သော​ကြောင့်၊ ဓား​အ​စ​ရှိ​သော လက်​နက်​တစ်​စုံ​တစ်​ခု​မျှ မ​ပါ​ဟု အ​ဟိ​မ​လက်​အား ပြော​လေ​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ