ဧသတာ 7:9 - Judson Bible in Zawgyi Version9 မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။
ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။